Top

ဘယ် 95Ron က အကောင်းဆုံးကို သင်သိပါသလား?

ဘယ် 95Ron က အကောင်းဆုံးကို သင်သိပါသလား?

ဘယ် 95Ron က အကောင်းဆုံးကို သင်သိပါသလား?
ကျနော်တို့ ဈေးကွက်ထဲမှာ 95Ron နှစ်မျိုးရှိပါတယ်.
၁မျိုးကတော့ PTT Thai Oil Refinery မှဖြစ်ပြီး
၁မျိုးကတော့ Singapore Bunkering Oil Company မှဖြစ်ပါတယ်.
Bunkering oil company များအနေဖြင့် အမျိုးမျိုးသော
Suppliers များဆီမှ ဆီကိုဝယ်ယူပြီးသိုလှောင် ရောစပ်ခြင်း နည်းလမ်းအားဖြင့် သူ့ဆီမှ ပြန်လည်ဝယ်ယူသော Customer များထံ သက်သာသောဈေးနှူန်းအားဖြင့် ပြန်လည် ရောင်းချနိုင်ရန် ဖန်တီးလေ့ရှိပါသည်.
အောက်ပါအချက်များကတော့ ဓါတ်ခွဲစမ်းသပ်ချက်အချို့ကို နှိုင်းယှဉ်လေ့လာနိုင်ပါသည်…
၁. PTT 95Ron များတွင် သတ်မှတ်အောက်တိန်းနံပါတ်ထက် မြင့်မားသော အောက်တိန်းနံပါတ် (၉၅.၃) ရရှိသည်ကိုတွေ့ရပြီး
Singapore bunkering company မှ 95Ron များအနေဖြင့် အောက်တိန်းနံပါတ် ၉၅နီးပါးသာရှိတယ်ဆိုတာတွေ့ရှိရပါသည်.
အောက်တိန်း Ron အညွှန်းကိန်းများသည် သံသိုလှောင်ကန်များထဲတွင် သိုလှောင်ထားခြင်းအားဖြင့် လျော့နည်းနိုင်သော ဂုဏ်သတ္တိရှိပါသည်
ကြာကြာသိုလှောင်လေ ပိုမိုလျှော့နည်းလေ ဖြစ်ပါသည်။
၂. PTT Ron95 တွင် Sulphur ပါဝင်မူ့နှုန်းမှာ 0.0008%wt ရှိသည်ကို တွေ့ရပြီး Singapore 95Ron များမှာ 0.01%wt Sulphur ပါဝင်မူ့နှုန်း ရှိသည်ကိုတွေ့ရပါသည်။ Sulphur ပါဝင်မူ့နှုန်းများလေ အင်ဂျင်ကို ပိုမို ပျက်စီးနိုင်ခြေ များပြီး ပတ်ဝန်းကျင်ထိခိုက်နိုင်သော exhaust gas လည်း ပိုမိုထုတ်လွတ်ပါသည်။
၃. PTT Ron95 များတွင် ရှိသော oxidation stability မှာ Singapore မှတင်သွင်းသော 95Ron များထက်ပိုမို မြင့်မားသောကြောင့် PTT Ron 95များသည် သိုလှောင်ကန်ထဲတွင် အရည်အသွေးမပြောင်းလဲစေပဲ ပိုမို ကြာရှည်သိုလှောင်ထားနိုင်ပါသည်။
အထက်ပါ အကြောင်းအခြင်းအရာများကို နှိုင်းယှဉ်ခြင်းအားဖြင့် PTT 95Ron ကို premium 95Ron ဟု သတ်မှတ်နိုင်ပါသည်။
95Ron PTT ကို အောက်ဖော်ပြပါဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။
PT Power (ရွှေပြည်သာ)
PT Power (သာကေတ)
PT Power (နေပြည်တော်)
PT Power (သာဝတ္တိ)
35th Street MDY BOC (Previously Denko)
62th Street MDY BOC (Previously Denko)
ရွှေပြည်ရတနာ (ဝေါ)
OK (ဝေါ)
အောင်စိုးမိုး (ဝေါ)
Win Win (တောင်ဒဂုံ)
Super Myanmar (အင်းစိန်)
အောင်မေတ္တာ (နေပြည်တော်)
Shwe Star (အမှတ် ၃ လမ်းမကြီး)

Thawdar Soe
error

Enjoy this blog? Please spread the word :)